

ပိုက်ပိုက်ဆိုတာဘာလဲ?
ပိုက်ပိုက်ဆိုတာ မြန်မာစကားလုံး ပိုက်ဆံမှ နာမည်ယူထားပြီး အလိုအလျောက် စကားပြန်ပြောပေးသော ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဆိုင်ရာ ချက်ဘော့တစ်ခု ဖြစ်ပါတယ်။ ပိုက်ပိုက်တွင် ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဆိုင်ရာ ပညာပေး အကြောင်းအရာများ၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ၏ ချေးငွေရရှိနိုင်သော နေရာများကို တင်ပြပေးလျက် ရှိပါတယ်။
ပိုက်ပိုက်က ဒါတွေလုပ်ဆောင်နေပါတယ်။

ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဆိုင်ရာ ပညာပေးများ ပေးခြင်း

ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်း

ချေးငွေရရှိနိုင်ရန် ကူညီပေးခြင်း

ပိုက်ပိုက်ကို ThitsaWorks Solutions Myanmar Co., Ltd. မှ ဝန်ဆောင်မှု ပေးထားပါတယ်။
ThitsaWorks သည် အလွှာအသီးသီးတွင် ရှိသော မြန်မာပြည်သူများအနေဖြင့် ပြည်တွင်းရှိ တရားဝင်ငွေချေးသော အဖွဲ့အစည်းများမှ ချေးငွေရရှိနိုင်မည်ဆိုပါက မိမိ၏ လုပ်ငန်းပိုမိုလည်ပတ်လာနိုင်မှာဖြစ်ပြီး ဆင်းရဲမွဲတေမှုမှ ရုန်းထွက်လာနိုင်မည်ဟု ယုံကြည်သော IT ပညာရှင်များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါတယ်။