top of page

ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဆိုင်ရာ ပညာပေး ရုပ်သံများ

Martin luthar king
01:41

Martin luthar king

အရေးကြီးတာက "ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရှေ့ကို ဆက်လက်ချီတက်နေဖို့ပါ" အရေးကြီးတာက "ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရှေ့ကို ဆက်လက်ချီတက်နေဖို့ပါ" ---------------------------------------------------------------------- “မင်း ကောင်းကင်မှာ မပျံသန်းနိုင်ရင် . . . . ပြေးပါ 🏃‍♀️🏃‍♂️ မပြေးနိုင်ရင် . . . . လမ်းလျှောက်ပါ 🚶‍♀️🚶‍♂️ လမ်းမလျှောက်နိုင်ရင် . . . . တွားသွားပါ 👩‍🦽👨‍🦽 အရေးကြီးတာက . . . . . ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရှေ့ကို ဆက်လက်ချီတက်နေဖို့ပါ"လို့ မာတင်လူသာကင်းက ပြောခဲ့ဖူးပါတယ်။ ပိုက်ပိုက်သူငယ်ချင်းတို့လဲ ကိုယ်ရောက်နေတဲ့ နေရာမှာ ရပ်မနေဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင် တမူထူးခြားတဲ့ အားသာချက်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ရောက်အောင် ကြိုးစားကြဖို့ စိတ်ခွန်အားပေးထားတဲ့ ဒီဗီဒီယိုလေးကို ကြည့်ရင်း အားတင်းထားကြပါစို့နော်။ 💪💪💪 #PitePite #quote #MartinLutherKingJr. #motivation
Ma Baydar
04:49

Ma Baydar

ဘဝမှာ လောကဓံလှိုင်းလုံးတွေကို တစ်လုံးပြီး တစ်လုံး တစ်ကြိမ်ပြီး တစ်ကြိမ် ကြုံကြရပါတယ်။ လဲကျခဲ့တဲ့ လူတွေကို အားယူပြီး ပြန်ထနိုင်အောင် ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာလေးထဲကို အရှုံးမပေးခဲ့တဲ့ မဗေဒါလို အမျိုးသမီးတစ်ယောက် အကြောင်းကို ထပ်ပြီး မျှဝေလိုက်ပါတယ်။ အားလုံး အောင်မြင်ကြပါစေလို့ ပိုက်ပိုက်က ဆုတောင်းပေးလိုက်ပါတယ်။ 💪💪💪 “ ညို ပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း ။ ဆင်းရလည်း မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး ။ ဆောင့်ခဲ့လည်း မသက်သာ နောက်တချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ ။ ပေါ်ပြန်လည်း မသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ဗေဒါက တစ်ပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ...။” #ဇော်ဂျီ ပိုက်ပိုက်တို့ဖတ်ဖူးတဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာလေးထဲကလိုပေါ့ သူငယ်ချင်းတို့ရေ။ ဘဝမှာ အခက်အခဲဆိုတာ လူတိုင်းမှာ ရှိကြရတာပါပဲ။ ဒါပေမယ့် ဘဝလှိုင်းတွေ ဘယ်လောက်ကြမ်းကြမ်း ဘယ်တော့မှ အရှုံးမပေးခဲ့တဲ့ မဗေဒါလို အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဘဝအကြောင်းကို စိတ်ခွန်အားဖြစ်အောင် ပြန်လည်မျှဝေလိုက်ပါတယ် သူငယ်ချင်းတို့ရေ။ #WSD2020 #WorldSavingsDay2020 #SaveForFutureMyanmar #PitePite #ပိုက်ပိုက် ဒီ ပို့စ်လေးကို World Savings Day 2020 အထိမ်းအမှတ်အတွက် ဂျာမန် ကော်ပိုရေးရှင်းနဲ့ Savings Banks Foundation for International Cooperation (SBFIC) တို့မှ ကူညီပံ့ပိုးပေးထားပါတယ်။
Waste Money
00:23
4 Saving Trick
00:22
Money Management Book
00:20
Think before get Loan
00:49
 Budget Lists Application
00:33
bottom of page