- Pite Pite
အောင်မြင်တဲ့သူဆိုတာ
Updated: May 10, 2021

ဘ၀မှာကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေအများကြီးရှိကြတယ် . . .
🔹 တချို့က မိသားစုစား၀တ်နေရေးအတွက်၀င်ငွေလုံလုံလောက်လောက်ရချင်တယ်
🔹 တချို့က အိမ်လေးတစ်လုံးပိုင်ချင်တယ်
🔹 တချို့က အကြွေးတွေကင်းချင်တယ်
🔹 တချို့က ပညာတွေသင်ပြီးဘွဲ့တွေယူချင်တယ်
🔹 တချို့က စီးပွားရေးလုပ်ငန်းလေးအောင်မြင်ချင်တယ် စသည်ဖြင့်ပေါ့။
နေ့တဒူ၀ကိစ္စတွေကနေပြီး ငွေရေးကြေးရေး၊ ပညာရေး၊ စီးပွားရေးတို့အထိ ရည်မှန်းချက်တွေရှိကြပါတယ်။
ဒါပေမယ့် တကယ်အောင်မြင်သွားတဲ့သူနဲ့ မအောင်မြင်သေးတဲ့သူတွေရဲ့ အဓိကခြားနားချက်ကတော့အခက်အခဲတွေကြုံတွေ့တဲ့အခါ ဘယ်လိုရင်ဆိုင်ကြသလဲဆိုတာပါပဲ။
လူအများစုက အခက်အခဲတွေကို ကြိမ်ဖန်များစွာကြုံတွေ့တဲ့အခါ စိတ်ပျက်အားလျော့လာတတ်ကြပါတယ်။
"ငါလုပ်ရင်ဖြစ်မှာမဟုတ်ပါဘူး။ ငါမလုပ်နိုင်တော့ဘူး" ဆိုပြီးအရှုံးပေးလိုက်ကြပါတယ်။
တကယ်အောင်မြင်နေတဲ့သူတွေကတော့ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ကြုံတွေ့နေရပါစေ ကိုယ်ဖြစ်ချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်ကိုရောက်အောင် ကျားကုတ်ကျားခဲကြိုးစားကြပါတယ်။
ကမ္ဘာကျော်ခေါင်းဆောင်ကြီး နယ်လ်ဆန်မင်ဒဲလားကလည်း
"အောင်မြင်တဲ့သူဆိုတာ
ကိုယ့်အိပ်မက်ကို
ဘယ်တော့မှ မစွန့်လွှတ်တဲ့သူဖြစ်တယ်" လို့ ပြောထားဖူးပါတယ်။
ဒါကြောင့်မို့ သူငယ်ချင်းတို့လည်း ဘယ်လိုအခက်အခဲတွေပဲရှိပါစေ စိတ်ပျက်အားလျော့မနေဘဲ ကိုယ်ဖြစ်ချင်တာတွေကိုဖြစ်လာအောင် အကောင်းဆုံးကြိုးစားကြပါလို့ ပိုက်ပိုက်က အားပေးစကားပြောလိုက်ပါတယ်နော်။