- Pite Pite
ငွေကြေးဖိအား
Updated: May 10, 2021

မြန်မာနိုင်ငံမှာ မတ်လ ၂၀၂၀ ကနေ ကိုဗစ်နိုင်တင်းဆိုတဲ့ ရောဂါဆိုးကြီးကြောင့် စီးပွားရေးအခက်အခဲတွေစတင်လိုက်တာ ခုထိဆို တစ်နှစ်ပြည့်ဖို့ နည်းနည်းပဲ လိုပါတော့တယ်။ အခြေခံလူတန်းစားဖြစ်တဲ့ဒေါ်လှတို့အတွက် တစ်နေ့တစ်နေ့ ၀င်ငွေနဲ့ထွက်ငွေမျှအောင်၊ ပိုက်ဆံကိုလိပ်ပတ်လည်အောင် မနည်းသုံးနေကြရတာပါ။ ကိုဗစ်ကာလကနေစပြီး အလုပ်အကိုင်တွေအဆင်မပြေလိုက်တာ ခုထိဆိုတော့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဖိအားအလွန်များပါတယ်။
စီးပွားရေးအခက်အခဲအကျပ်အတည်းတွေကြောင့် အလုပ်အကိုင်တွေပါးတော့ ၀င်ငွေကလည်းမကောင်းဘူး။
ဒါပေမယ့်
◼ အိမ်စရိတ်၊ စားစရိတ်နဲ့ အ၀တ်အစားစရိတ်တွေလည်း ပေးရတယ်။
◼ အသေးစားချေးငွေလုပ်ငန်းကိုချေးငွေပြန်ပေးဖို့လည်းလုံးပန်းရတဲ့အပြင်အိမ်ဆိုင်လေးအတွက်လိုတာတွေအကြွေး၀ယ်ထားတဲ့ဆိုင်ကိုလည်းပြန်ဆပ်ရသေးတယ်။
◼ အိမ်ကကလေးနှစ်ယောက်ရဲ့မုန့်ဖိုးနဲ့တခြားစရိတ်တွေကလည်းရှိသေးတယ်။
◼ ရုတ်တရက်အိမ်ကမိသားစု၀င်တစ်ယောက်ကပါနေမကောင်းဖြစ်တော့ဆေးဖိုးဝါးခတွေပါရှိလာတယ်။
အခြေခံလူတန်းစားမိသားစုဖြစ်တဲ့ဒေါ်လှတို့အတွက်တော့
🔺 နေ့စဉ်သုံးငွေလိုအပ်ချက်တွေ
🔺 မထင်မှတ်ထားတဲ့ အသုံးစရိတ်တွေအတွက် ငွေကြေးဖိအားတွေရှိနေပြီး
🔺 ဒီဖိအားတွေကိုဖြေရှင်းဖို့အတွက် ငွေစုဆောင်းဖို့လည်း လိုအပ်နေပါတယ်။
သူငယ်ချင်းတို့အားလုံးရော ဘယ်လိုငွေကြေးဖိအားတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ ကွန်မန့်ထဲမှာဖြေသွားပေးကြပါဦး။