top of page
  • zeyawin5

လက်တစ်ဆုပ်စာ ဆန်စုနည်း

Updated: May 10, 2021


ကဲ . . သူငယ်ချင်းတို့ရေ . . .

ပိုက်ပိုက်က ပိုက်ဆံစုနည်းတွေချည်းပြောနေတာများတော့ ရိုးနေကြပြီပေါ့။


ဒီတစ်ခါတော့ ပိုက်ဆံစုနည်းမဟုတ်ဘဲ ဆန်စုနည်းကို ပြောပြချင်ပါတယ်။


ဆန်ဆိုတာ လူတိုင်း နေ့တိုင်း စားနေကျအရာတစ်ခုပါ။ ဒါကြောင့် မရှိမဖြစ်လို့လည်း ပြောလို့ရပါတယ်။

ပိုက်ဆံ မရှိဘူးဆိုရင်တောင် ဆန်လေးရှိနေသေးရင် ငါးပိရည်၊ တို့စရာလေးနဲ့ စားလိုက်လို့ရပါသေးတယ်။

ဒါကြောင့် ပိုက်ပိုက်တို့ ထမင်းချက်တော့မယ်ဆိုရင် မှတ်မှတ်ရရ ဆန်လက်တစ်ဆုပ်စာလောက်ကို အိတ်လေး တစ်အိတ်မှာဖြစ်ဖြစ်၊ ပုံးလေးတစ်ပုံးထဲမှာဖြစ်ဖြစ် စုထားကြည့်လိုက်နော်။ လက်တစ်ဆုပ်စာလေးဆိုတော့ အရမ်းလည်း မသိသာဘူးလေ။ အချိန်ကြာလာရင် ဆန်တွေတဖြည်းဖြည်း များလာမှာပါ။ ဒါဆို ကိုယ့်မှာ ပိုက်ဆံအခက်အခဲဖြစ်နေတဲ့အချိန် ဆိုရင် ဆန်ဝယ်စရာမလိုဘဲ စုထားတဲ့ ဆန်လေးတွေနဲ့ စားလို့ရတာပေါ့။


ကဲ . . . ဒါဆိုရင် ဒီနေ့ကစပြီး လက်တစ်ဆုပ်စာ ဆန်စုနည်းလေး စပြီးအကောင်အထည်ဖော်ကြည့်လိုက်တော့နော်။


55 views
bottom of page