- Pite Pite
ဆွစ်ဇာလန်နိုင်ငံက ငွေသုံးတဲ့ အမူအကျင့်
Updated: May 3, 2021

သူငယ်ချင်းတို့ရေ ဆွစ်ဇာလန်နိုင်ငံက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံအပါအဝင်ပေါ့။
သူတို့ရဲ့ ငွေစက္ကူလေးတွေကလည်း သိပ်ပြီး ချစ်စရာကောင်းပါတယ်။ ရောင်စုံစက္ကူလေးတွေလိုပဲ အရောင်အသွေး စုံစုံလင်လင်နဲ့ လှပနေတော့ ပိုက်ပိုက်သာဆိုရင် သုံးရမှာတောင် နှမြောမိမယ်ထင်ပါရဲ့။
တစ်ခုထူးခြားတာက ဆွစ်ဇာလန်မှာ ငွေစက္ကူကို အသုံးများကြတာပါပဲ။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်တော်များများမှာ ငွေသားအစား ဒစ်ဂျစ်တယ်ငွေကြေးတွေ အစားထိုးသုံးလာကြပေမယ့် ဆွစ်ဇလန်မှာတော့ ငွေသားကိုပိုသုံးကြပါတယ်။
ဘာလို့လဲဆိုတော့ ငွေသားကိုင်ပြီးသုံးရတာက ကိုယ့်ရဲ့ အသုံးစရိတ်ကို ပြန်ပြီး ခြေရာခံရလွယ်တယ်လို့ သူတို့ကယူဆကြတယ်။
နောက်တစ်ခုက ငွေသားကိုမြင်နေရတော့ ကိုယ့်မှာ ဒီငွေရှိတာ သေချာတယ်လို့ ခံစားရလို့ပါတဲ့။
ကတ်နဲ့ငွေရှင်းတဲ့သူက တစ်လမှာ နှစ်ယောက်သုံးယောက်လောက်ပဲရှိတယ်လို့ စျေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း ပြောထားပါသေးတယ်။
ကဲ . . . ဆွစ်ဇာလန်နိုင်ငံက ငွေသားအသုံးပြုကြတဲ့ အမူအကျင့်လေးတွေကို ပိုက်ပိုက် သိသမျှလေး ဝေမျှပေးတာပါ။
အခုထက်ပိုပြီး ဖတ်ကြည့်ချင်ရင်တော့ အောက်က လင့်ခ်လေးမှာ ဝင်ဖတ်ကြည့်လို့ရတယ်နော်။