top of page
  • Pite Pite

အကြွေးကို အကျိုးရှိရှိအသုံးချနည်း

Updated: May 10, 2021


အကြွေးတွေ ရှိနေတယ်လို့ပြောလိုက်ရင် အများစုကတော့ မကောင်းဘူးလို့ ထင်မိကြတာပါပဲ။


အကြွေးမှာ မကောင်းတဲ့အကြွေးရှိသလို ကောင်းတဲ့ အကြွေးဆိုတာလည်း ရှိနေပြန်ပါတယ်။


အကြွေးပါဆိုမှ ကောင်းနေပါ့မလားလို့ ပိုက်ပိုက်ကို မေးကောင်းမေးကြပါလိမ့်မယ်။

ဒီလိုမေးလာတဲ့သူတွေအတွက် အကောင်းဆုံးအဖြေက

"အကြွေးကို အကျိုးရှိရှိ အသုံးချတတ်ရင် အကြွေးကောင်း ဖြစ်လာနိုင်တယ်လို့ပဲ ဖြေပါရစေ။"


ဒါဆို အကြွေးကို ဘယ်လို အကျိုးရှိရှိအသုံးချမလဲ?


ဥပမာတစ်ခုပြောပြမယ်နော်။

ဖူးဖူးက ကုမ္ပဏီ ဝန်ထမ်း။ လစာတော့ မကောင်းရှာဘူး။ လစာမကောင်းဆို ဖူးဖူးမှာ လိုအပ်တဲ့ ပညာအရည်အချင်းတွေ အကုန်ရှိမနေဘူးလေ။ ဒါကြောင့် အလုပ်အတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ဖို့ အကြွေးယူလိုက်တယ်။ လိုအပ်တဲ့ ပညာအရည်အချင်းတွေ မပြည့်စုံခင်အထိတော့ လစာလေးထဲက အတိုးပေးပေးနေရတယ်။ ဒါပေမယ့် သင်တန်းတွေ တက်ပြီးတဲ့အခါမှာတော့ လစာပိုကောင်းတဲ့ အလုပ်ရသွားတယ်။ သူအကြွေးတွေလည်း ပြန်ဆပ်နိုင်လာတယ်။ အကြွေးကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့လို့ ဖူးဖူးကတော့ အဆင်ပြေနေပါပြီ။


ဒါကြောင့် သူငယ်ချင်းတို့လည်း အကြွေးယူမယ်ဆိုရင် အကျိုးရှိရှိ အသုံးချနိုင်ဖို့လိုမယ်နော်။



57 views
bottom of page