top of page
  • Pite Pite

ATM စက်မှာ ငွေထုတ်တဲ့အခါ ဒါတွေသတိထားပါ

Updated: May 10, 2021





ခုကာလမှာ ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားတော့ ငွေထုတ်ကြတဲ့အခါ ATM စက်တွေကို အဓိက အားကိုးလာရပါတယ်။ ငွေထုတ်တဲ့အခါမှာလည်း ATM စက်မှာ ကတ်ညပ်မှာတွေ၊ မသမာသူတွေနဲ့ တွေ့မှာတွေလည်း အားလုံးစိတ်ပူမိကြမှာပါပဲ။ ဒါကြောင့်မို့ ပိုက်ပိုက်ရဲ့သူငယ်ချင်းတွေအတွက် ATM စက်မှာ ပိုက်ဆံထုတ်တဲ့အခါ လုံခြုံစွာ ငွေထုတ်နိုင်ဖို့ သတိထားရမယ့် အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

⚠ ကိုယ်ရဲ့ PIN နံပါတ်ကို ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။ ကိုယ့် မိသားစုကိုတောင် မပြောပါနဲ့။ တစ်နှစ်တစ်ကြိမ် ကိုယ့်ရဲ့ PIN နံပါတ်ကို အဆင့်မြှင့်တာလုပ်သင့်ပါတယ်။

⚠ ငွေထုတ်တဲ့အခါ ကိုယ့်ရဲ့ ပတ်၀န်းကျင်ကို သတိထားပါ။ အထူးသဖြင့် ညဘက် ငွေထုတ်တဲ့အခါမျိုးဆို လူပြတ်တဲ့နေရာမျိုးမှာ ငွေထုတ်မယ့်အစား စူပါမားကတ်လိုမျိုး၊ မီနီမားကက်လိုမျိုးနဲ့ နီးတဲ့နေရာမှာ ငွေထုတ်တာ ပိုကောင်းပါတယ်။ အကယ်၍ တစုံတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် အကူအညီတောင်းစရာ အနီးအနားမှာ ရှိနေနိုင်ပါတယ်။


⚠ ကိုယ့်ရဲ့ PIN နံပါတ် ရိုက်ထည့်နေတဲ့အချိန် ခန္တာကိုယ်နဲ့ ကွယ်ထားပါ။ နောက်မှာ တန်းစီစောင့်နေသူတွေ အများကြီးရှိတဲ့အခါ ကိုယ့် PIN နံပါတ်ကို အခြားသူ မမြင်‌‌ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ ခန္တာကိုယ်နဲ့ အကာအကွယ်ယူပြီး နံပါတ်ကိုရိုက်ထည့်ပါ။


⚠ ငွေထုတ်ပြီးတဲ့အခါ ပြေစာစာရွက်ကို ATM စက်မှာ မထားခဲ့ပါနဲ့။ ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ တစ်ပါးသူလက်ထဲ မရောက်အောင် ပြေစာထုတ်ပြီးတိုင်း ကိုယ်နဲ့အတူ ယူသွားပါ။

ATM စက်က ငွေထုတ်ပြီးတဲ့အခါ စက်ရှေ့ မှာ ပိုက်ဆံတွေကို ရေတွက်ခြင်း မလုပ်သင့်ပါ။ လုယက်ဖို့ စောင့်ကြည့်နေတဲ့ မသမာသူတွေရဲ့ အကွက်ထဲ ၀င်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ အိတ်ထဲ တန်းထည့်ပြီး လုံခြုံတဲ့နေရာရောက်မှ ရေတွက်ပါ။

⚠ နောက်ဆုံး အနေနဲ့ ပိုက်ပိုက် သူငယ်ချင်းတွေကို ထပ်မှာချင်တာကတော့ ဒီကာလ မှာ ATM စက်တွေမှာ မကြာခဏ ငွေပြတ်တာမျိုး ဖြစ်နိုင်ချေများတဲ့အတွက် လက်ထဲမှာ ငွေပို ဆောင်ထားဖို့လည်း အကြံပေးချင်ပါတယ်နော်။


အားလုံးပဲ ATM စက်မှာ လုံခြုံစွာ ပိုက်ဆံထုတ်နိုင်ကြပါစေ။ (●'◡'●)


#PitePite #Digitalliteracy #ATM #Bank

22 views
bottom of page