• Pite Pite

ဘဏ်မှာငွေစုခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုး

Updated: May 10




သူငယ်ချင်းတို့ရေ ပိုက်ပိုက်တို့ မြန်မာနိုင်ငံမှာ လူကြီး၊ လူငယ်မရွေး ပုံစံပေါင်းစုံ၊ နည်းပေါင်းစုံနဲ့ ပိုက်ဆံစုတတ်ကြတယ်။


အခု ပိုက်ပိုက်က ဘဏ်မှာငွေစုမယ့်သူတွေအတွက် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ပြောပြပေးမယ်နော်။

အရင်ဆုံး ကောင်းကျိုးကိုပြောကြည့်မယ် . .


  • ဘဏ်မှာငွေစုထားတော့ ကိုယ့်ရဲ့ငွေတွေ စိတ်ချရတယ်။ ရေဘေး၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်တွေအတွက်မစိုးရိမ်ရဘူး။

  • ကိုယ့်ရဲ့ ငွေပမာဏအလိုက် အတိုးလည်းရတယ်။

  • ငွေဖြစ်လွယ်တယ်။ ဥပမာဆိုရင် ကိုယ်ပြန်ထုတ်ချင်တယ်ဆိုရင် ချက်ချင်းပြန်ထုတ်လို့ရတယ်။

  • ပိတ်ရက်တွေမှာလည်း ATM ကတ်တို့၊ မိုဘိုင်းလ်ဘဏ်ကင်းတို့လိုမျိုးကနေ ငွေလွှဲတာ၊ ငွေထုတ်တာ လုပ်လို့ရတယ်။


ဒါဆို ဆိုးကျိုးတွေက


  • ကိုယ့်ရဲ့ ဘဏ်အကောင့်ကို မိုဘိုင်းလ်ဘဏ်ကင်းနဲ့ချိတ်ထားတာ၊ ATM ကတ်နဲ့ချိတ်ထားတာတွေဆိုရင် ပက်စ်ဝေါ့ကိုမှတ်ထားရတယ်။ တကယ်လို့ ပက်စ်ဝေါ့ မေ့သွားတယ်ဆိုရင် ဘဏ်မှာပြန်လျှောက်ရတယ်။ အဲ့လိုဆိုရင် ဝန်ဆောင်ခ ထပ်ကုန်မယ်။

  • ဘဏ်တွေမှာဆိုတော့ လိုက်နာရတဲ့ စည်းမျဥ်း၊ စည်းကမ်းတွေများတယ်။

  • မိုဘိုင်းလ်ဘဏ်ကင်းကနေ ငွေလွှဲမယ်ဆိုရင် အများအားဖြင့် ဘဏ်တူတာအချင်းချင်းပဲ ရတယ်။


ကဲ ဒါတွေကတော့ ဘဏ်မှာငွေစုချင်တဲ့သူတွေအတွက် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။

သူငယ်ချင်းတို့လည်း အဆင်ပြေကြပါစေနော်။

18 views