- Pite Pite
အလုပ်တစ်ခုကို လုပ်သင့် မလုပ်သင့် တွေဝေဖူးလား❓
Updated: May 10, 2021

နေ့စဉ်ဘ၀မှာ ဘာဟင်းနဲ့ ထမင်းစားမလဲ၊ ဘယ်အင်္ကျီ၀တ်မလဲ စတဲ့ အသေးမွှားလေးတွေကအစ ငွေရေးကြေးရေး၊ ပညာရေး၊ လူမှုရေး စတဲ့ကိစ္စတွေအထိ တစ်ခုမဟုတ်တစ်ခု ဆုံးဖြတ်ချက်တွေ ချကြရပါတယ်။
အချို့သော ကိစ္စတွေမှာ ဆုံးဖြတ်ချက်ချရတာ လွယ်ကူပေမယ့် အချို့နေရာတွေမှာကျ မသေချာမှုတွေ၊ နောက်ဆက်တွဲရင်ဆိုင်လာနိုင်တဲ့ ကိစ္စတွေကြောင့် ဆုံးဖြတ်ချက်ချဖို့အတွက် တွေဝေကြရတာမျိုးဖြစ်တတ်ပါတယ်။
အဲလို စဉ်းစားရင်းနဲ့ ကိုယ့်အတွေးထဲမှာပဲ လည်သွားပြီး အဖြေရှာလို့မရ ဖြစ်တာမျိုးလည်း ခဏခဏ ဖြစ်ဖူးကြမှာပါ။
ဒါနဲ့ ပတ်သက်ပြီး နာမည်ကျော် မင်းသားဘရုစ်လီက "သင်ဟာ အလုပ်တစ်ခုကို လုပ်သင့် မလုပ်သင့် အချိန်အကြာကြီး စဉ်းစားနေရင် ထိုအလုပ်ကို လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး" ဆိုပြီး ပြောဖူးပါတယ်။
ဒါကြောင့်မို့ ပိုက်ပိုက်ရဲ့ သူငယ်ချင်းတို့လည်း တစ်စုံတစ်ခု စတင် ပြုလုပ်ဖို့ တွေဝေနေတယ်ဆိုရင် စဉ်းစားတာတွေ ခဏရပ်ပြီး စတင် လုပ်ဆောင်ကြည့်လိုက်ပါ။
တစ်ခါတစ်ရံ ကိုယ်တွေးပူသလိုမျိုး ဖြစ်မလာတာတွေလည်းရှိတာမို့ အားလုံးပဲ တွေဝေမှုတွေလျှော့ချပြီး အလုပ်နဲ့ စတင်လိုက်ကြရအောင်။