top of page
  • Pite Pite

ရည်မှန်းချက်တွေအတွက် အလုပ်ကြိုးစားမယ်

Updated: May 10, 2021


ဒီနေ့တော့ ပိုက်ပိုက် သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ သူ့အကြောင်းလေး နားထောင်ကြည့်ရအောင်နော်။ 👌


ကျွန်မ နာမည်က ဝါဝါ ပါ။ 👧


ကျွန်မက အခုလက်ရှိမှာတော့ ဝင်ငွေ အသင့်အတင့်ရှိတဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်နေပါပြီ။ 👍


ကျွန်မ အရင်က အလုပ်ပေါင်း စုံလုပ်ပြီး ငွေရှာခဲ့ဖူးတယ်။

ကျွန်မ ဆယ်တန်းဖြေပြီးကတည်းက ဘွဲ့ရတဲ့အထိ အလုပ်မျိုးစုံ လုပ်ခဲ့ရတယ်။ အချိန်ပိုင်းအလုပ်၊ စက်ရုံအလုပ်သမား၊ အရောင်းဝန်ထမ်း၊ ဂိုဒေါင်စာရေး စတာတွေ လုပ်ခဲ့တယ်။ ဒီလို ကြုံရာအလုပ်တွေလုပ်ရင်း၊ ခက်ခက်ခဲခဲ ရုန်းကန်ရင်း ရသမျှပိုက်ဆံလေးတွေ စုခဲ့တယ်။


တချိန်တည်းမှာပဲ ကျွန်မ ဝါသနာပါတဲ့ ဖက်ရှင်ဒီဇိုင်နာအလုပ်အတွက် လိုအပ်တဲ့ သင်တန်းတွေလည်း တက်ခဲ့တယ်။

အလုပ်မရွေးတတ်တဲ့ ကျွန်မအတွက် အလုပ်မရှားခဲ့ပါဘူး။ ကျွန်မမှာ ရည်မှန်းချက်ရှိနေတဲ့အတွက် အဲ့ဒီရည်မှန်းချက်ပြည့်ဝဖို့အတွက် လိုအပ်တဲ့ ဝမ်းစာတွေ ဖြည့်ဖို့ ပိုက်ဆံစုဖို့လိုတယ်။ ဒါကြောင့်လည်း ရတဲ့အလုပ်တွေ လုပ်ပြီးပိုက်ဆံရှာခဲ့တယ်။ ပင်ပန်းပေမယ့် ရည်မှန်းချက်အတွက်ဆိုတော့ ဒီလိုပဲ ကြိုးစားရတာပေါ့။ ငါးနှစ်လောက် ကျွန်မ ရုန်းကန်လိုက်ရတယ်။


အခုတော့ ကျွန်မ ဖြစ်ချင်တဲ့ ဖက်ရှင် ဒီဇိုင်နာတစ်ယောက်ဖြစ်နေပြီ။ 👍


ကျွန်မအတွက် အလုပ်လုပ်ရတဲ့နေ့တိုင်းက ပျော်စရာဖြစ်ခဲ့တဲ့အပြင် ဝင်ငွေလည်းရတော့ အဆင်ပြေပါတယ်။ 👍


ဒါကြောင့် ကိုယ့်မှာ တိကျခိုင်မာတဲ့ ရည်မှန်းချက်သာရှိနေမယ်ဆိုရင် အဲ့ဒီရည်မှန်းချက်ကို မရောက်ရောက်အောင် ကြိုးစားကြဖို့ သူငယ်ချင်းတို့ကိုလဲ အကြံပြုချင်ပါတယ်။ 💪💪💪


#PitePite#motivation#Saving

13 views
bottom of page