- Pite Pite
အကြွေးမယူသင့်တဲ့အချိန်
Updated: May 4, 2021

အခုလိုအချိန်မှာ လူတိုင်းကတော့ ငွေကြေးအခက်အခဲရှိကြတာပါပဲ။
သတိထားရမှာက ငွေကြေး အခက်အခဲရှိတယ်ဆိုတိုင်း အလွယ်တကူ အကြွေးမယူမိဖို့ အရေးကြီးပါတယ်နော်။
ဘာလို့လဲဆိုတော့ အကြွေးဆိုတာက လိုအပ်တဲ့အချိန်ရတယ်ဆိုပေမယ့် အချိန်တန်ရင် ပြန်ဆပ်ရမယ်၊ ပြန်မဆပ်နိုင်ခင်မှာ အတိုးပေးရမယ်။ ဒီလို အတိုးတွေ ပုံမှန်မပေးနိုင်ရင် ပြဿနာပိုကြီးလာနိုင်ပါတယ်။
ဒါကြောင့် အကြွေးမယူသင့်တဲ့အချိန်မှာ မယူမိဖို့လိုပါတယ်။
➡ ကိုယ့်အတွက် မရှိရင်လည်း ဖြစ်တယ်ဆိုတဲ့ ပစ္စည်း တစ်ခုခု ဝယ်ချင်တဲ့အချိန်
➡ အပျော်အပါးကိစ္စအတွက် ပိုက်ဆံလိုနေတဲ့အချိန်
➡ ကိုယ့်အတွက် မလိုအပ်သေးတဲ့ ပစ္စည်းတစ်ခုခု ဝယ်ချင်တဲ့အချိန်
ဒီလိုအချိန်တွေအတွက် ဆိုရင်တော့ အကြွေးမယူသင့်ပါဘူးနော်။